Sunday, December 16, 2012
ထိပ်တန်း Web Browser ၁၀ ခု အကြောင်း
Web Browser တွေဟာ အင်တာနက်ထဲကို ဝင်ရောက်နိုင်ဖို့ တံခါးချပ် ဖြစ်ပါတယ်။ တိုးတက်နေတဲ့ နည်းပညာရပ်တွေကြောင့် Web Browser တွေဟာလည်း Version Upgrade တွေ အသီးသီး ထွက်ရှိပြီး ဈေးကွက်ဝေစုကို အပြိုင်အဆိုင် ကြိုးစားလျက် ရှိနေကြပါတယ်။ ဒီဖြစ်စဉ်ဟာ မနေ့တစ်နေ့က ဖြစ်စဉ်တစ်ခု မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်များစွာ ကတည်းက ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
၁။ Internet Explorer Internet Explorer ကတော့ Microsoft ရဲ့ ထုတ်ကုန်ဖြစ်ပြီး သက်တမ်းအနေနဲ့လည်း ကြာခဲ့ပြီ ဖြစ်ပါတယ်။ လူသုံးများတဲ့ Web Browser အမျိုးအစားတစ်ခုဖြစ်ပြီး Microsoft Windows တွေဟာ Default အနေနဲ့ ပါဝင်လာတဲ့ Web Browser အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Internet Explorer 1 ကိုတော့ ၁၉၉၅ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့မှာ ပွဲထုတ်ခဲ့ပါတယ်။
၂။ Google Chrome Google Chrome ဆိုတဲ့ နည်မည်တစ်ခုကိုတော့ လူတိုင်းနီးပါး သိကျွမ်းပြီးသား ဖြစ်ပါလိမ့်မယ်။ အင်အားကြီး Search Engine တစ်ခုကို ပိုင်ဆိုင်ထားတဲ့ Google ဟာလည်း ၂၀၀၈ ခုနှစ်ရဲ့ စက်တင်ဘာလထဲမှာ Chrome လို့ အမည်ရတဲ့ Web Browser တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Web Browser ဈေးကွက်မှာ ၂၇.၂၅% နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
၃။ Mozilla Firefox Mozilla ရဲ့ ထုတ်ကုန် Firefox Web Browser ကတော့ သုံးစွဲသူ အများအပြား နှစ်သက်ကြတဲ့ Web Browser အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ရဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ပထမဆုံး ဖြန့်ချိပေးခဲ့တာဖြစ်ပြီး သက်တမ်း အနေနဲ့ (၈) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Firefox ရဲ့ ဈေးကွက်ဝေစုကတော့ ၁၈.၈၇% ဖြစ်ပါတယ်။
၎။ Netspace Navigator Netspace Navigator ကိုတော့ ဒီဘက်ခေတ် အင်တာနက် သုံးစွဲသူအချို့ သိရှိမှာ မဟုတ်ပါဘူး။ တစ်ချိန်တုန်းက Netspace Navigator ဟာ Web Browser လောကရဲ့ ဦးဆောင် ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၉၄ ခုနှစ်ရဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ Netspace Navigator 1 ကို ဖြစ်ချိပေးခဲ့ပါတယ်။
၅။ Opera ၁၉၉၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ Opera ဟာလည်း နာမည်ကြီး Web Browser အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Opera ရဲ့ ထူးခြားချက်အနေနဲ့ကတော့ First Release ကို Opera 2 လို့ နာမည်ပေးခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ Version 12 ကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
၆။ IBM Browser IBM ဟာလည်း တစ်ခေတ်တစ်ခါက သူရဲ့ OS/2 အတွက် Web Browser တစ်ခုကို ဖန်တီးခဲ့ဖူးပါတယ်။ နာမည်ကိုလည်း IBM Browser လို့ အမည်ပေးခဲ့ပြီး ၁၉၉၅ ခုနှစ် နိုဝင်ဘာလမှာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ Server Side Web Browser အမျိုးအစားတစ်ခု ဖြစ်ပါတယ်။
၇။ WorldWideWeb Web browser တွေထဲမှာ ပထမဆုံးသော Web browser အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ၁၉၉၀ ဒီဇင်ဘာ ၂၅ မှာ ပထမဆုံးသော Version ကို ဖြန့်ချိပေးခဲ့တာ ဖြစ်ပါတယ်။ Objective-C နဲ့ ရေးသားခဲ့တာ ဖြစ်ပြီး၊ NEXTSTEP OS အတွက် ရေးသားခဲ့တာ ဖြစ်ပါတယ်။
၈။ AOL Exploer AOL ရဲ့ Web Browser ကိုတော့ ၂၀၀၅ ခုနှစ်ရဲ့ ဇူလိုင်လမှာ ဖြန့်ချိခဲ့ပါတယ်။ AOL Web Browser ကိုတော့ Microsoft Windows ပေါ်မှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကစပြီး AOL ရဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်ပြီဖြစ်လို့ AOL Web Browser ကို Version 1.5 အထိသာ မြင်တွေ့ခဲ့ရပါတယ်။
၉။ Xxxterm xambrero တစ်ဖြစ်လဲ Xxxterm ဟာ ၂၀၁၂ ခုနှစ်ရဲ့ မေလ ၃၀ ရက်နေ့မှာ စတင်ဖြန့်ချိန်ပေးခဲ့တဲ့ Web Browser အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Stable Release အနေနဲ့ကတော့ 1.3.1 သာ ရှိပြီး စက်တင်ဘာလ ၁၅ ရက်နေ့က ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ Xxxterm မှာ စိတ်ဝင်စားစရာ Feature တွေ များစွာ ပါဝင်နေပါတယ်။
၁၀။ Safari Safari ကတော့ Apple inc. ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး ၂၀၀၃ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Stable Release အနေနဲ့ 6.0 ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ Safari ဟာ Web Browser ဈေးကွက်ဝေစု ၁၅.၈၇% ရရှိနေပါတယ်။
Sources : Internet Journal
Subscribe to:
Post Comments (Atom)

No comments:
Post a Comment