Social Icons

Pages

Sunday, December 16, 2012

iPhone နှင့် iPad 1 တို့အတွက် iOS 6.0.1 ကို Jailbreak ပြုလုပ်ခြင်း



အသစ်ထွက်ရှိလာတဲ့ iOS 6.0.1 Version ကို အသုံးပြုထားတဲ့ iPhone, iPod Touch နဲ့ iPad 1 တို့ကို Jailbreak ပြုလုပ်ချင်သူတွေအတွက် Jailbreak ပြုလုပ်ပုံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ iPhone, iPod Touch နှင့် iPad 1 တို့ကို iOS 6.0.1 ကို Online Update ဒါမှမဟုတ်ရင် iOS 6.0.1 ipsw ဖိုင်ကို iTunes ကနေ ထည့်သွင်းချင်သူတွေအတွက် ပထမဆုံး iOS 6.0.1 ipsw ဖိုင်ကို အင်တာနက်ပေါ်ကနေ အရင်ဆုံးရယူပါမယ်။ iOS 6.0.1 ipsw ဖိုင်ကို ရယူဖို့အတွက် http://techglobex.blogspot/2012/11/download-apple-ios-601-ipsw-firmware.html ဆိုတဲ့ ဝက်ဘ်စာမျက်နှာမှာ အရင်ဆုံး Firmware ကို Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Download ပြုလုပ်ပြီးတဲ့ သက်ဆိုင်ရာ Firmware ကို ထည့်သွင်းဖို့အတွက် iTunes နဲ့ သင့်ရဲ့ Device နဲ့ ချိတ်ဆက်ထားရမှာ ဖြစ်ပါတယ်။ ပြီးရင် Update ဆိုတဲ့ Button ကို Shift Key နှင့် တွဲဖက်၍ နှိပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Download ပြုလုပ်ထားတဲ့ ipsw ဖိုင်ကို ရွေးချယ်ပြီး ထည့်သွင်းရမှာ ဖြစ်ပါတယ်။


ယခုအဆင့်ကတော့ iPhone, iPad Touch နှင့် iPad 1 တို့ကို iOS 6.0.1 တင်ပြီးတဲ့အခါ Jailbreak ပြုလုပ်မယ့်အဆင့် ဖြစ်ပါတယ်။ ပထမဦးစွာ Jailbreak Tool ဖြစ်တဲ့ Redsn0w 0.9.15b3 ဆိုတဲ့ဖိုင်ကို http://iflowreader. com/ 191/downloads/download-redsnow-redsn0w-0--15b3-for-ios-6-jail break/ ဒီဝက်ဘ်စာမျက်နှာမှာ အရင်ဆုံး Download ပြုလုပ်ရပါမယ်။ Jailbreak ပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံးကတော့ သင့်ရဲ့ Device ထဲမှာရှိတဲ့ အရေးကြီးတဲ့ အချက်အလက်ဖိုင်တွေကို အရင်ဦးဆုံး Backup ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ပြီးပြီဆိုရင်တော့ Download ပြုလုပ်လို့ ရလာတဲ့ ဖိုင်ကို Zip ဖြည်ပေးရပါမယ်။ Zip ဖြည်ပြီးပြီဆိုရင် redsn0w ဆိုတဲ ဖိုင်ကို Right Click နှိပ်ပြီး Run as administrator ဆိုတဲ့ Admin Mode နဲ့ Run ရပါမယ်။ redsn0w.exe ဆိုတဲ့ဖိုင် Run နေပြီဆိုရင် Jailbreak ဆိုတဲ့ Button ကို ကလစ်နှိပ်ရမှာ ဖြစ်ပါတယ်။ သင် Jailbreak လုပ်မယ့် iPhone, iPad 1, iPod Touch ကိုတော့ Power Off လုပ်ထားပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ထားရမှာ ဖြစ်ပါတယ်။ ပြီးရင် DFU Mode အတွက် ပေးထားတဲ့ အဆင့်အတိုင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။



DFU Mode ကို ခေါ်ဖို့အတွက်ကတော့ ပေးထားတဲ့ ညွှန်ကြားချက်တွေအတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ညွှန်ကြားချက်အတိုင်း မပြုလုပ်ပါက Firmware ပြန်မတက်တဲ့ ပြဿနာကို ကြုံရမှာဖြစ်ပါတယ်။ Error ဖြစ်သွားတဲ့အခါမှာလည်း iTunes နဲ့ ချိတ်ဆက်ဖို့အတွက် သင့် Device မှာ ပြနေမှာဖြစ်ပါတယ်။ ဒါကြောင့် DFU Mode ကို ညွှန်ကြားချက်အတိုင်း မှန်မှန်ကန်ကန် ခေါ်ရမှာ ဖြစ်ပါတယ်။ DFU Mode ခေါ်ဖို့ အတွက် ပထမဆုံး Power Button နဲ့ Home Button ကို ၃ စက္ကန့် တွဲနှိပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် တစ်ဆက်တည်း Power Button ကိုလွှတ်ပြီး Home Button ကို ၁၀ စက္ကန့် နှိပ်ထားရပါမယ်။ ပြီးရင် Home Button ကို လွှတ်ပြီး ဆက်တိုက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြီးပြီဆိုရင်တော့ Install Cydia ဆိုတဲ့ Check Box မှာ အမှန်ခြစ်လေးထားပြီး Next နဲ့ ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးပြီဆိုရင် သူ့ ဘာသာ Install ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သတိပြုရမှာကတော့ Redsn0w 0.9.15bw ဟာ iPhone 4, iPhone 3Gs, iPad 1, iPod Touch 4G တို့ကိုသာ အထောက်အပံ့ ပြုသေးတာ ဖြစ်ပါတယ်။ ဒါကြောင့် Jailbreak ပြုလုပ်တဲ့အခါမှာ ညွှန်ကြားချက်တွေကို သေချာစွာ ဖတ်ရှုပြီးမှ ပြုလုပ်ရပါမယ်။ အကြောင်း အမျိုးမျိုးကြောင့် Firmware မတက်ခဲ့တော့ရင်တော့ သင့်ရဲ့ Device နဲ့ iTunes ကို ကွန်ပျူတာကနေ ချိတ်ဆက်ပြီး ပြန်လည် Restore ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Source: news.yatanarpon.com.mm


No comments:

Post a Comment