Social Icons

Pages

Saturday, March 2, 2013

ဆယ်တန်းစာမေးပွဲဖြေဖို့ ကားရိုက်တွေနားထားသူ စိုးပြည့်သဇင်”

စိုးပြည့်သဇင်က ဇာတ်ကားရိုက်ကူးမှုနဲ့ အနုပညာအလုပ်တွေကို ဖေဖော်ဝါရီလမှစပြီး ခဏနားထားတယ်လို့ သိရပါတယ်။ ဒါရိုက်တာ မျိုးထူး၊ကျော်ရဲအောင် တို့နဲ့ ဗီဒီယို ဇာတ်ကားရိုက်ကူးခဲ့ပြီးနောက် ၁ဝတန်း စာမေးပွဲဖြေဆိုဖို့အတွက် ခဏနားလိုက်တာဖြစ်တယ်လို့ ပြောပြလာတာကြောင့် ”စိုးပြည့်ဖော်ဝါရီလကစပြီး ကားရိုက်တွေခဏ နားထားပြီး စာမေးပွဲအတွက် ပြင်ဆင်နေတယ်။ စာမေးပွဲက ရန်ကုန်မှာပဲဖြေမှာပါ။ စိုးပြည့်ကလည်း အနုပညာအလုပ်တွေနဲ့ဆိုတော့ ပညာရေးဘက်ကို မလုပ်နိုင်ဘူး ဖြစ်နေတာ။ ၁ဝတန်းကလည်း စာကျက်ချိန်ပေးနိုင်မှ အခုတောင်မှ စာကျက်ချိန်က ဒီတစ်လပဲ သေသေချာချာရှိတာ။
စိုးပြည့်အတွက် အခက်အခဲတွေရှိပါတယ်။ ကိုယ် တတ်နိုင်သလောက်တော့ ကြိုးစားပြီးဖြေမှာပါ။ အရင်ကတည်းက ကိုယ်ရတဲ့အချိန်ကို ရသလိုခရီးသွားရင်တောင် စာအုပ်ကို ယူသွားပြီး တတ်နိုင်သလောက် လုပ်ရတာ ပေါ့။ အနုပညာ ရှင်တစ်ယောက်ဖြစ်နေတော့ အချိန်ပေးဖို့ကလည်း နည်းနည်းခက်ခဲတယ်။ ဒါပေမဲ့ အချိန်တွေ သိပ်ကွာဟသွားတော့လည်း မကောင်းတော့ ပြန်ဖြေဖြစ် တာပါ။ အနုပညာအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်နေတော့ ပညာရေးဘက်ကို မလှည့်နိုင်ဘူး။ နောက်ပြီး စနစ်တွေလည်း ပြောင်းတော့မယ်လို့ကြားတော့ ကိုယ်လည်း အရင် ကျက်ထားဖူးတဲ့ စနစ်ဟောင်းနဲ့ပြန်ဖြေချင်တယ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားပြီး ဖြေကြည့်မယ်ဆိုပြီး ဖြေဖြစ်တာပါ။ စာမေးပွဲကလည်း ကံလိုသေးတယ်လေ။ စိုးပြည့် စာမေးပွဲပြီးတာနဲ့ ဇာတ်ကားတွေ ပြန်ရိုက်မှာပါ”လို့ ပြောပြပါတယ်။ စိုးပြည့်သဇင်က ၁ဝတန်းစာမေးပွဲ ဖြေဆိုပြီးတာနဲ့ ဒါရိုက်တာမီးပွား၊ မင်းမော်ကွန်းတို့နဲ့ ရုပ်ရှင် ဇာတ် ကားကြီး ရိုက်ကူးမယ်လို့လည်း ပြောပြခဲ့ ပါတယ်။
မေမွန်မောင်

http://popularmyanmar.com/

No comments:

Post a Comment