Social Icons

Pages

Featured Posts

အတိတ်ကို မဆွေးလေးနှင့်.. အတိတ်ဆိုတာ ပြန်မလာဘူး..။ အနာဂတ်မှန်းဆ မတမ်းတနှင့်.. အနာဂတ်ဆိုတာ မသေချာဘူး..။ ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ်.. ပညာလုံ့လ အသုံးချလျက်.. ဘ၀တန်ဘိုး အားမာန်ကိုးလျက်.. မြတ်နိုးကြည်ဖြူ အရယူလော့..။ ဆရာတော် ဒေါက်တာနဒ္ဒမာလာဘိဝံသ

Monday, April 22, 2013

ShweBook အင်္ဂလိပ် - မြန်မာ - တရုတ် အဘိဓါန်

Shwebook Dictionary Pro သည် ပထမဆုံးသော အင်္ဂလိပ် - မြန်မာ - တရုတ် Android Mobile Dictionary ဖြစ်ပါသည်။ Definition Word အသစ် ၁၀ ခု အား Server တွင် ထည့်သွင်းပြီးဖြစ်ပါက မိမိ၏ ဖုန်းနှင့် မိမိကိုယ်တိုင် Syncrhonize ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ မိမိဖုန်းတွင် Root Access မလိုခြင်း ၊ Zawgyi Font အင်စတောပြုလုပ်ရန် မလိုဘဲ လွယ်ကူစွာပင် မြန်မာစာများအား ရှင်းလင်းပြတ်သားစွာ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ EN-UK English အသံထွက် နှင့် Chinese Native အသံထွက်ကိုပါ နားထောင်နိုင်မည် ဖြစ်ပါသည်။ Chinese အဓိပ္ပါယ်ဖော်ပြချက်တွင် Simplified Chinese နှင့် Traditional Chinese နှစ်မျိုးစလုံး အား လွယ်ကူစွာ ရှာဖွေပြီး အသံထွက်(pronunciation) ပါ ဖော်ပြပေးထားပါသည်။

Thursday, March 14, 2013

Run ကနေတဆင့် သွားလို.ရတဲနေရာများ


Run ကနေတဆင့် သွားလို.ရတဲနေရာတွေကို ပြောပြမယ်။ Run box ထဲမှာ ရိုက်ထည့်ပြီး OK လို.ပြောရမှာနော်။

၁။ Run ထဲမှာ timedate.cpl ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက ကွန်ပြူတာရဲ့ အချိန်တွေ၊ ရက်စွဲတွေပြင်လို.ရတဲ့ နေရာကို သွားတာ။
၂။ နောက်တစ်ခုက control ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက control panel ထဲကိုသွားတာ။
၃။ Notepad ထဲကိုသွားချင်ရင် notepad လို.ပဲရိုက်လိုက်ရင် ရပြီ။
၎။ Wordpad ထဲသွားချင်ရင်လည်း အဲဒီအတိုင်း wordpad လို.ရိုက်ပြီး Enter ခေါက်။
၅။ winword ဆိုပြီး Enter ခေါက်ရင် Microsoft word ကိုရောက်သွားလိမ့်မယ်။
၆။ Excel ဆိုပြီး Enter ခေါက်ရင် Microsoft Excel ကိုရောက်သွားလိမ့်မယ်။
၇။ powerpnt ဆိုတာက ပါဝါပွိုင့် ကို။
၈။ photoshop ဆိုတာက Adobe Photo shop ကိုသွားတာ။
၉။ calc ဆိုတာက ဂဏန်းပေါင်းစက်
၁၀။ cmd ဆိုတာက Command Box

Saturday, March 2, 2013

ဆယ်တန်းစာမေးပွဲဖြေဖို့ ကားရိုက်တွေနားထားသူ စိုးပြည့်သဇင်”

စိုးပြည့်သဇင်က ဇာတ်ကားရိုက်ကူးမှုနဲ့ အနုပညာအလုပ်တွေကို ဖေဖော်ဝါရီလမှစပြီး ခဏနားထားတယ်လို့ သိရပါတယ်။ ဒါရိုက်တာ မျိုးထူး၊ကျော်ရဲအောင် တို့နဲ့ ဗီဒီယို ဇာတ်ကားရိုက်ကူးခဲ့ပြီးနောက် ၁ဝတန်း စာမေးပွဲဖြေဆိုဖို့အတွက် ခဏနားလိုက်တာဖြစ်တယ်လို့ ပြောပြလာတာကြောင့် ”စိုးပြည့်ဖော်ဝါရီလကစပြီး ကားရိုက်တွေခဏ နားထားပြီး စာမေးပွဲအတွက် ပြင်ဆင်နေတယ်။ စာမေးပွဲက ရန်ကုန်မှာပဲဖြေမှာပါ။ စိုးပြည့်ကလည်း အနုပညာအလုပ်တွေနဲ့ဆိုတော့ ပညာရေးဘက်ကို မလုပ်နိုင်ဘူး ဖြစ်နေတာ။ ၁ဝတန်းကလည်း စာကျက်ချိန်ပေးနိုင်မှ အခုတောင်မှ စာကျက်ချိန်က ဒီတစ်လပဲ သေသေချာချာရှိတာ။

Sunday, February 17, 2013

အိုစမာ ဘင်လာဒင်ကို ဖမ်းဆီး ရမိသည့် မြို့တွင် တိရစ္ဆာန်ရုံနှင့် အားကစား ရုံများ ပါဝင်သော ဥယျာဉ် တည်ဆောက်ရန် ပါကစ္စတန် စီစဉ်

ပါကစ္စတန် အစိုးရသည် အိုစမာ ဘင်လာဒင်အား အမေရိကန် တပ်ဖွဲ့ဝင်များ အသေ ဖမ်းဆီး ရမိခဲ့သည့် အဘောတဘတ် မြို့တွင် တိရစ္ဆာန်ရုံနှင့် အားကစားရုံများ ပါဝင်သော အမေရိကန် ဒေါ်လာသန်း ၃ဝ တန်ဖိုးရှိ အပန်းဖြေ ဥယျာဉ် တစ်ခုကို ဆောက်လုပ်ရန် စီစဉ်လျက် ရှိကြောင်း တာဝန်ရှိသူ များက ဖေဖော်ဝါ ရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် ရေတပ်က ၂ဝ၁၁ ခုနှစ် မေ ၂ ရက်တွင် အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာ ဘင်လာဒင်အား သုတ်သင်ခဲ့သည့် အဘောတဘတ် မြို့စွန်ရှိ ဧက ၅ဝ ကျယ်ဝန်းသော မြစ်ကမ်း နံဘေး၌ ဆောက်လုပ်မည့် ပန်းခြံတွင် စားသောက်ဆိုင်များ၊ ရှေးဟောင်း အမွေအနှစ် စင်တာ တစ်ခုနှင့် ရေတံခွန်တု ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

Sunday, February 10, 2013

Talkatone ဖြင့် free phone ခေါ်မယ်


ဒီကောင်လေးကတော့ မိမိရဲ့ဖုန်းလေးမှာ WiFi ဒါမှမဟုတ်ရင် 3G/4G ရှိရင် US and Canada ကို free ခေါ်ပြောလို့ရပါတယ်.။ မိမိရဲ့ဖုန်းထဲကို Install  လုပ်ပြီးတော့ gmail account နှင့်ဝင်ပေးလိုက်ယုံပဲ.ဖုန်းကို မိနစ်နဲ့သုံးသူအတွက်တောု့န်းမိနစ်ကုန်သက်တာပေါ့ ဟုတ်ဘူးလား .လောလောဆယ်မှာတော့ကျနော်လဲဒီကောင်လေးကို အသုံးပြုပြီး သူငယ်ချင်းတွေကို ခေါ်ပြီးပြောတယ်. လိုင်းကြေးမပေးရဘူးဆိုတော့ Bill သက်သာတာပေါ့ နော် .

လိုချင်ရင်တော့  ဒီင့်လေးမှာ သွားဒေါင်းယူပြီး ပြောပေတော့ သူငယ်ချင်းလေးရေ
Get Talkatone here

First Myanmar Browser ဖြင့် မြန်မာစာရေးနိုင်ဖတ်နိုင်ပါပြီ

Smart Phone အသုံးပြုသူများအတွက်

Zawgyi font ခင်းမရလို့ မြန်မာ အင်တာနက်စာမျက်နှာများ ဖတ်မရတဲ့ ပြဿနာ ရှိနေပါတယ်ဆိုလျင် ၊ ညီအစ်ကိုတို့ရဲ့ စမတ်ဖုန်းများကို Root လုပ်ဖို့မလိုဘဲ ၊ First Myanmar
Browser Software ပရိုဂရမ်ကို အခမဲ့ ဆွဲချခင်း(Free Down Load and Install) လိုက်ပါက ၊ ညီအစ်ကိုတို့ရဲ့ စမတ်ဖုန်းများဖြင့် မြန်မာစာရေးနိုင် ဖတ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ။

ပရိုဂရမ် ဆွဲချယူရန် (Click Here)

1stmm Browser (First Myanmar Browser) အကြောင်းလေ့လာဖတ်ရှုရန် (Click Here)

Ref= https://www.facebook.com/pages/1st-Myanmar-Android-Browser/352311588118092

Phone အတွက် အသုံးဝင်သည်

Android ဖုန်းတစ်လုံးကို ကွန်ပျူတာပေါ်ကနေ သုံးကြည့်ကြရအောင်  Click Here..!

တကမ္ဘာလုံးက ဖုန်းအချင်းချင်း ပိုက်ဆံမကုန်ဘဲ Phone ခေါ်ကြမယ်. (FREE)  Click Here..!  

  IPHONE အား UNLOCK နှင့် JAILBREAK ခေါ် ထောင်ဖောက်ခြင်း Click here..!

Unlock All Mobile Phones လုပ်နိုင်ပါသည်။ Click Here..!

Phone တွေကို ဘယ်လို Unlock လုပ်မလဲ  Click Here..!

Mobile မှာ မြန်မာလို ပေါ်ဖို့ ဇော်ဂျီ keyboard လာပါပြီ . Click Here..!