ပါကစ္စတန် အစိုးရသည် အိုစမာ ဘင်လာဒင်အား အမေရိကန်
တပ်ဖွဲ့ဝင်များ အသေ ဖမ်းဆီး ရမိခဲ့သည့် အဘောတဘတ် မြို့တွင် တိရစ္ဆာန်ရုံနှင့်
အားကစားရုံများ ပါဝင်သော အမေရိကန် ဒေါ်လာသန်း ၃ဝ တန်ဖိုးရှိ အပန်းဖြေ
ဥယျာဉ် တစ်ခုကို ဆောက်လုပ်ရန် စီစဉ်လျက် ရှိကြောင်း တာဝန်ရှိသူ များက
ဖေဖော်ဝါ ရီ ၄ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် ရေတပ်က ၂ဝ၁၁
ခုနှစ် မေ ၂ ရက်တွင် အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာ ဘင်လာဒင်အား
သုတ်သင်ခဲ့သည့် အဘောတဘတ် မြို့စွန်ရှိ ဧက ၅ဝ ကျယ်ဝန်းသော မြစ်ကမ်း နံဘေး၌
ဆောက်လုပ်မည့် ပန်းခြံတွင် စားသောက်ဆိုင်များ၊ ရှေးဟောင်း အမွေအနှစ် စင်တာ
တစ်ခုနှင့် ရေတံခွန်တု ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံ
အနောက်မြောက်ပိုင်း ခိုင်ဘာပက်ခ် တက်ခ်ဝါ ပြည်နယ် အစိုးရ အဖွဲ့က ယင်း
ပန်းခြံကို ပြည်သူနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု တစ်ခုအဖြစ် ခရီးသွား
လုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်မည်ဟု မျှော်မှန်း ထားကြောင်း
ကြေညာခဲ့ပြီး အမေရိကန်တို့ ဝင်ရောက် စီးနင်း တိုက်ခိုက် မှုကြောင့် ဘင်လာဒင်
သေဆုံး ခဲ့ပြီး နောက် ယင်းမြို့၏ ပုံရိပ်ကို တိုးမြှင့်ရန် အတွက်
ရည်ရွယ်ခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ယင်း အပန်းဖြေ ဥယျာဉ်
အတွင်း ရှေးဟောင်း အမွေအနှစ် ပန်းခြံတစ်ခု၊ တိရစ္ဆာန်ရုံ တစ်ရုံ၊ ကလပ်များ၊
ရေတံခွန် များနှင့် ကာယ လေ့ကျင့်ခန်း ပြုလုပ်ရာ နေရာများ ပါဝင်မည် ဖြစ်ပြီး
ဖေဖော်ဝါရီလ နှောင်းပိုင်း သို့မဟုတ် မတ်လ အစောပိုင်းတွင် စတင် ဆောက်လုပ်
သွားမည် ဖြစ်ရာ ရှစ်နှစ် အချိန်ယူ ဆောက်လုပ် သွားမည် ဖြစ်ကြောင်းနှင့်
ဆောက်လုပ်မှု မတည်ငွေ ရူပီး သုံးဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၃ဝ) ရရှိပြီ
ဖြစ်ကြောင်း သိရသည်။
မြ၀တီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment