Sunday, December 16, 2012
မုန်လာဥနီက သွေးတိုးခြင်းကို ကျဆင်းစေနိုင်
မုန်လာဥနီတွင် ပါဝင်သော နိုက်ထရိတ်ဓာတ်သည် သွေးတိုးခြင်းကို ကျဆင်းစေနိုင်ကြောင်း သုတေသီများက ပြောကြားသည်။ မုန်လာဥနီကို ဟင်းချက်၍ စားသုံးသည်ဖြစ်စေ၊ နိုက်ထရိတ်ဆေးပြားများ သောက်သုံးသည်ဖြစ်စေ သွေးတိုးကျစေနိုင်ကြောင်း အမေရိကန် နှလုံးနှင့် သွေးကြောဆိုင်ရာ ဆေးဂျာနယ်၌ ဖော်ပြသည်။ နိုက်ထရိတ်ဓာတ်သည် ဟင်းသီးဟင်းရွက်တို့တွင် အများဆုံး ပါဝင်တတ်သည်။ မုန်လာဥနီတွင် နိုက်ထရိတ်ဓာတ်များ ပါဝင်နေသဖြင့် နှလုံးနှင့်ဆိုင်သော ရောဂါများ ကုသရာ၌ ပိုမိုထိရောက်စွာ ကုသနိုင်လိမ့်မည်ဟု သုတေသီများက မျှော်လင့်ထားသည်။ ကမ္ဘာပေါ်တွင် အရွယ်ရောက်သူ ၂၅ ရာခိုင်နှုန်းမှာ နှလုံးနှင့်ဆိုင်သော ရောဂါများ ဖြစ်ပွားလျက် ရှိသည်။ ၂၀၂၅ ခုနှစ် အရောက်တွင် ထို့ထက်ပိုလာနိုင်သည်ဟု ဆိုသည်။
facebook ပေါ်မှ ရယူသည်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment