Wednesday, December 19, 2012
ပိန်ချင်ရင် သရက်သီးအခွံစားပါ
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး
စားတဲ့ အခါ အခွံပါစားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီ များတွေ့ရှိခဲ့ကြတာကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့
သည် အဆီကလာပ်စည်း ဖြစ် ပေါ်ခြင်းကို ကာကွယ်တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။
သရက်သီးအခွံထဲမှာပါတဲ့ ဓာတု ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီကလာပ်စည်းဖြစ်ပေါ်နေသော လုပ်ငန
်းစဉ်ဖြစ်သည့် Adipogenesis ကို နှိမ်နင်းပေးတယ်လို့ ဆိုပါတယ်။
အပူပိုင်းသစ်သီးများထဲက တစ်မျိုးဖြစ် တဲ့ သရက်သီးများထဲမှာ အမျိုးမျိုးကွဲ ပြားခြားနားသော အပင်ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိ ပါတယ်။ သရက်သီးထဲမှာ အပင်ထွက် ဓာတုပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုးဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။
သရက်သီးအခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုက တော့ အဆီကလာပ်စည်းများဖြစ်ပေါ် အဆီကလာပ်စည်းများက ပို၍ကြီးလာ ပြီး အဲဒီလို ကလာပ်စည်းမျိုးဟာ အမျိုးအစား(၂)ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေနိုင်တယ်လို့ဆိုပါ တယ်။ ဓာတ်ခွဲခန်းအတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ဆိုပါတယ်။
မောင်
Ref: Healthcare Asia.com
Health Digest
Subscribe to:
Post Comments (Atom)

No comments:
Post a Comment