Social Icons

Pages

Sunday, December 16, 2012

Auto reply လေးလုပ်ကြည့်ရအောင်


ဒီ Auto reply လေးက ဝန်ထမ်းတွေ အတွက်အဆင်ပြေပါတယ်။ ဥပမာ ကိုယ့်ရဲ့ အားလပ်ရက်မှာ ကိုယ့်ဆီကို မေးလ် ပို့လာသူတွေကို သူ့အလိုလျောက် ဂျီမေးက စာပြန်ပေးတာပါ။ လုပ်နည်းလေးက လွယ်လွယ်လေးပါ။ သူငယ်ချင်းတို့လဲ သိပြီးသားဖြစ်ရင်ဖြစ်မှာပါ။
*ပထမဦးဆုံး သူငယ်ချင်းရဲ့ ဂျီမေးအကောင့်ကနေ စက်သွားပုံ (gear icon) ကနေ Settings ကိုနှိပ်ပါ။
*Settings ကနေ General ကိုသွားပါ။(Settings ကိုနှိပ်ပြီးပြီးချင်း ပေါ်လာတာက General ပါပဲ။) General စာမျက်နှာမှာပဲ Vacation Responder သွားပါVacation Responder On လိုက်ပါ။ First day ဟာ ဒီနေ့ပဲဖြစ်နေမယ်။ Ends မှာတော့ ကိုယ့် အားလပ်ရက် ကုန်ဆုံးမဲ့ ရက်ဖြစ်ရပါမယ်။
ဥပမာ ကိုယ့်အားလပ်ရက်က 15.Dec.2012-20.Dec.2012 ဆိုပါတော့
အဲဒါဆိုရင် First day -15.Dec.2012 လို့ဖြည့်ပြီး Ends 20.Dec.2012 လို့ဖြည့်ရမှာပါ။ အဲဒါဆိုရင် ဂျီမေးကနေ ကိုယ့်ဆီလာသမျှ မေးတွေကို အလိုလျောက် 20.Dec.2012 ထိ စာပြန်ပေးမှာပါ။
* Subject ဆိုတဲ့နေရာမှာ ကိုယ်ပြောချင်တာရဲ့အဓိက အချက်လေးဖြည့်ပါ။ သီတင်းကျွတ်အားလပ်ရက် နားချိန် ဘာညာပေါ့။ ကျွန်မကတော့ Auto Reply လို့ ရေးလိုက်ပါတယ်။
* Message မှာတော့ ကိုယ့်အားလပ်ရက်ကုန်ဆုံးမဲ့ ရက်ကို ရေးသားပါ။ ကျွန်မကတော့ အလွယ်ဒီလိုရေးလိုက်တယ်။ This is auto reply and I will read and reply your message when I am online လို့ အလွယ်ရေးဖြည့်လိုက်ပါတယ်။ ကိုယ်က ဝန်ထမ်းမှ မဟုတ်တာကို နော်.. Grin
ပြီးသွားပြီဆိုရင်တော့ စာမျက်နှာရဲ့ အောက်ဆုံးမှာ Save Changes ဆိုတဲ့ ခလုပ်လေးကို နှိပ်ပါ။
လွယ်တယ်မလား ။ သူငယ်ချင်းတို့ အဆင်ပြေပါစေနော်။ စာရေးတာ မရှင်းရင် ပြန်မေးလို့ရတယ်နော်။ 
 
FBook ပေါ်က ရယူခဲ့သည်

No comments:

Post a Comment